ဂ်ပန္နိုင္ငံသားေတြ ၃၀၂၁ ခုႏွစ္ကို ႀကိဳေရာက္ေနသလားလို႔ေတာင္ ထင္မွတ္သြားေစမယ့္ အရာမ်ား…..

တိုးတက္ေျပာင္းလဲမႈေတြနဲ႔ ေခတ္မွီတာေၾကာင့္ ဂ်ပန္ႏိုင္ငံဟာ ကမာၻေပၚက ႏိုင္ငံတိုင္းအတြက္ စံနမူနာႏိုင္ငံတစ္ခုျဖစ္တယ္လို႔ ဆိုရရင္လြန္မယ္မထင္ပါဘူး။ ဂ်ပန္ႏိုင္ငံကို သြားလည္တဲ့အခါမွာ သူတို႔ႏိုင္ငံရဲ႕ တိုးတက္ဖြံ႕ၿဖိဳးမႈေတြကို ၾကည့္ၿပီး အံ့မခန္း ျဖစ္သြားေစမွာ အမွန္ပါပဲ။

ဂ်ပန္ႏိုင္ငံ ရဲ႕ ေခတ္မွီတိုးတက္ခ်က္က ဂ်ပန္လူမ်ိဳးေတြက ၃၀၂၁ ခုႏွစ္မွာ ေနေနတယ္လို႔ေတာင္ထင္ရပါတယ္။ ဒီအေတြးေတြကို မွန္ကန္တယ္လို႔ ပိုၿပီး သက္ေသျပႏိုင္တဲ့ သူတို႔ရဲ႕ တီထြင္ဖန္တီးမႈေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁)စပါးစိုက္ပ်ိဳးျခင္းကိုေတာင္ အမ်ားသူဌာ အံအားသင့္ရေလာက္ေအာင္ စိုက္ပ်ိဳးႏိုင္ၾကပါတယ္။

လယ္ကြင္းႀကီးကို ၾကည့္လိုက္တဲ့အခါမွာ လူပုံစံေတြအေဆာက္အဦးပုံစံေတြ ပုံေဖာ္ႏိုင္ဖို႔အတြက္ မတူညီတဲ့ စပါးအမ်ိဳးအစားေတြကို အစဥ္အတိုင္း စိုက္ပ်ိဳးရတာျဖစ္ပါတယ္။

(၂)ေခြးေလးေတြကို အေမႊးညႇပ္ေပးတယ္ဆိုတာက မထူးဆန္းေပမယ့္ ဂ်ပန္ႏိုင္ငံမွာေတာ့ အရာရာ ထူးဆန္းေနတာက အေလ့အထလိုျဖစ္ေနပါၿပီ။

ေခြးအေမႊးကိုေတာင္ ေထာင့္က်ေအာင္ ညႇပ္ေပးတာက ေခတ္စားပါတယ္။

(၃)က်ည္ဆံရထားဆိုတာနဲ႔ ဂ်ပန္ႏိုင္ငံမွာရွိတယ္ဆိုတာ လူတိုင္းသိၾကမွာပါ။

ဒီလို ပုံရိပ္ေတြကို ပိုျမႇင့္တင္ႏိုင္ဖို႔အတြက္ ဖိနပ္ဒီဇိုင္းေတြကိုေတာင္က်ည္ဆံရထားပုံေဖာ္ၾကတာပဲျဖစ္ပါတယ္။

(၄)အခ်ိန္နဲ႔အမွ် လႈပ္ရွားသြားလာေနသူေတြအတြက္လည္း ဆိုင္ႀကီးေတြကို တကူးတက ရွာေနစရာမလိုဘဲ လြယ္ကူသက္သာေအာင္ လမ္းေဘးေတြမွာ McDonald’s ဆိုင္ေသးေသးေလးေတြ ဖြင့္လွစ္ထားၾကပါတယ္။

(၅)သခြားေမႊးသီးကိုေတာင္ ဒီအတိုင္းေရာင္းခ်ရတာ ႐ိုးရွင္းတယ္လို႔ ယူဆထားၾကပုံရပါတယ္။

ဒါေၾကာင့္ သင့္အေနနဲ႔ သခြားေမႊးသီးမွာ ကိုယ္ႀကိဳက္တဲ့ ကာတြန္းဇာတ္ေကာင္ပုံ ေဖာ္ထားတာမ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူလို႔ရေအာင္ စီစဥ္ထားေပးၾကပါတယ္။

(၆)ခရီးေဆာင္အိတ္ျပန္ေ႐ြးဖို႔အတြက္ ထားေပးတာျခင္းအတူတူ ဒီေလဆိပ္ကေတာ့ အစီအစဥ္အက်ဆုံးပါပဲ။

အိတ္ေတြကို ၿပီးစလြယ္ ထည့္ေပးလိုက္တာမ်ိဳးမဟုတ္ဘဲ လက္ကိုင္ေနရာကို အေပၚဘက္မွာ ထားေပးထားၿပီး အလြယ္တကူ ယူလိုက္လို႔ရေအာင္ကို စီစဥ္ေပးထားတာပါ။

(၇)ေစာင့္ၾကည့္မယ့္သူ မရွိတဲ့ စတိုးဆိုင္ေလး…

စတိုးဆိုင္မွာရွိတဲ့ ပစၥည္းေတြကို ဝယ္ခ်င္ရင္ေတာ့ ကိုယ္လိုခ်င္တာကို ယူလိုက္ၿပီး က်သင့္တဲ့ ေငြေၾကးကိုေတာ့ ပုလင္းေလးထဲ ထည့္ေပးခဲ့ရမွာပဲျဖစ္ပါတယ္။

(၈)တစ္ကိုယ္တည္းခဏတာ အနားယူအိပ္စက္ဖို႔အတြက္ ဆိုရင္

ဂ်ပန္ႏိုင္ငံမွာ ဒီလိုအခန္းငယ္ေလးေတြရွိတဲ့ ဟိုတယ္ေတြလည္းရွိပါေသးတယ္။

(၉)ကမာၻေပၚမွာ အႀကီးဆုံးစာရင္းဝင္ ပင္လယ္ကမ္းေျခတု..

ပင္လယ္ကမ္းေျခကိုသြားလည္ခ်င္ေပမယ့္ အခ်ိန္မေပးႏိုင္ဘူးဆိုတဲ့ သူေတြအတြက္ ေတာ့ ခဏတျဖဳတ္အနားယူဖို႔အတြက္ အဆင္ေျပေလာက္မယ္။

(၁၀)မ်ားေသာအားျဖင့္ သန႔္စင္ခန္းေတြမွာ လက္ေဆးဖို႔အတြက္ လက္ေဆးကန္ကို ေနရာေပးၿပီး တည္ေဆာက္ထားရပါတယ္။

ဂ်ပန္ႏိုင္ငံ က သန႔္စင္ခန႔္တစ္ခ်ိဳ႕မွာေတာ့ လက္ေဆးကန္ ဆီ သပ္သပ္သြားစရာမလိုေတာ့ဘဲ အိမ္သာနဲ႔တင္တြဲၿပီး ဖန္တီးေပးထားပါတယ္။

(၁၁)သန႔္စင္ခန္းတစ္ခုအတြက္ေတာင္ မ်ားျပားေသာလုပ္ေဆာင္ခ်က္ေတြနဲ႔ အခ်ိန္ေပးၿပီး ဖန္တီးၾကတာပဲေနာ္…

ဒါမ်ိဳးမွ အရာရာ တိုးတက္တယ္ေခၚရမလား..

(၁၂)ကေလးေမေမေတြ သန႔္စင္ခန္းထဲ ဝင္တဲ့အခါမွာ ကေလးကို ေခၚလို႔မရ ထားခဲ့လည္းမရနဲ႔ ဒုကၡမ်ားလြန္းပါတယ္။

ဒီအခ်က္ကိုေတာ့ ဂ်ပန္ေတြက အမ်ားသုံးသန႔္စင္ခန္းေတြမွာ ကေလးထိုင္လို႔ ရတဲ့ ခုံေလးေတြကို တပ္ဆင္ေပးထားၿပီး ေျဖရွင္းေပးထားပါတယ္ေနာ္။

(၁၃)ဂ်ပန္ႏိုင္ငံက စတိုးဆိုင္အေဆာက္အဦးေတြမွာထားထားတဲ့ ဓာတ္ေလွကားမွာေတာင္ ဝန္ေဆာင္မႈေပးဖို႔အတြက္ ဝန္ထမ္းေတြကို ခန႔္ထားၾကပါတယ္။

လြယ္ကူသက္သာလိုက္တဲ့ အႀကံညဏ္ပါပဲ။

(၁၄)ေၾကာ္ညာနဲ႔ ကုန္ပစၥည္းမတူဘဲ ဂ်င္းမိတာမ်ိဳး

ဂ်ပန္ႏိုင္ငံမွာ လုံးဝႀကဳံေတြ႕ရမွာမဟုတ္ပါဘူး။

(၁၅)ဟိုတယ္ကို လာေရာက္တဲ့ ဧည့္သည္ေတြကို ဝန္ေဆာင္မႈေပးဖို႔အတြက္ လူအစစ္ေတြကို လုံးဝမသုံးဘဲ စက္႐ုပ္ေတြကို အသုံးျပဳထားတဲ့ ဟိုတယ္ျဖစ္ပါတယ္။

သင့္အေနနဲ႔ စက္႐ုပ္ေတြက ဘယ္လိုဝန္ေဆာင္မႈမ်ိဳးေတြ ေပးမလဲဆိုတာ ျမည္းစမ္းခ်င္ရင္ေတာ့ သြားၾကည့္သင့္တာပဲ။

(၁၆)၃ ဘေလာက္ အကြာအေဝးမွာရွိတဲ့ ေနရာတစ္ခုကို သြားခ်င္တာနဲ႔ ရဲစခန္းထဲဝင္ၿပီး လမ္းျပေပးဖို႔အကူအညီေတာင္းခဲ့တာပါ။

ရဲအရာရွိက အဲ့ဒီေနရာကိုေရာက္ဖို႔အတြက္ ရွင္းလင္းေသသပ္တဲ့ လမ္းၫႊန္ေျမပုံကို ကိုယ္တိုင္ပဲ ေရးဆြဲေပးခဲ့ပါတယ္။

(၁၇)ပိုက္ဆံထည့္လိုက္တာနဲ႔ လိုခ်င္တဲ့ ပစၥည္းေအာ္တို ထြက္က်ေပးတဲ့ စက္မ်ိဳးေတြက ဂ်ပန္ႏိုင္ငံရဲ႕ လမ္းတိုင္းမွာရွိပါတယ္။

လိုခ်င္တဲ့ စားေသာက္ကုန္၊ၾကက္ဥ၊အသီးအ႐ြက္စတာေတြအျပင္ ေရာဂါ ကာကြယ္ဖို႔အတြက္ မက္စ္ေတြေတာင္ လိုအပ္သလို ရႏိုင္ပါတယ္။

(၁၈)စားေသာက္ကုန္ေတြတင္ စက္ကေရာင္းခ်တာမဟုတ္ပါဘူး။

ပိုက္ဆံထည့္လိုက္တာနဲ႔ ထီးကိုလည္း ဝယ္ႏိုင္ပါတယ္ေနာ္။

(၁၉)အရက္ဘူးေတြကို ေရာင္းခ်တဲ့အခါမွာလည္း မ်က္စိမျမင္တဲ့သူေတြ သိႏိုင္ဖို႔အတြက္

အဖုံးေနရာမွာ မ်က္မျမင္စာေလးေတြပါ ထိုးေပးထားတာပါ။

(၂၀)ဂ်ပန္ႏိုင္ငံမွာ အစစအရာရာ အသစ္အဆန္းေတြ ျမည္းၾကည့္ႏိုင္ပါတယ္။

အထူးသျဖင့္ ေရခဲမုန႔္ကေတာ့ခြက္ကိုေတာင္ ငါးပုံစံမ်ိဳး ဖန္တီးထားတာကို ေတာင္စားႏိုင္ပါတယ္။

(၂၁)တကယ္လို႔ ဘာကိုမဆို စမ္းသပ္စားရဲတယ္ဆိုရင္ ဂ်ပန္ႏိုင္ငံမွာ အမည္းေရာင္ အားလူးေၾကာ္ေတြလည္းရွိပါတယ္ေနာ္..

အျမင္အရေတာ့ ထူးဆန္းေနတာအမွန္ပါပဲ။

(၂၂)ကားပါကင္ရွာမရလို႔ ကားရပ္စရာေနရာမရွိဘူးဆိုတဲ့ ျပသာနာေတြလည္း ဂ်ပန္ႏိုင္ငံမွာ မရွိပါဘူးေနာ္..

သူတို႔ႏိုင္ငံ မွာ ဒီျပသာနာအတြက္ တီထြင္ဖန္တီးမႈအသစ္ေတြနဲ႔ ေျဖရွင္းၿပီးထားပါၿပီ။

(၂၃)ဂ်ပန္ႏိုင္ငံမွာဆိုရင္ ကမာၻေက်ာ္ မုန႔္ျဖစ္တဲ့ KitKat ကို

အရသာမ်ိဳးစုံနဲ႔ စားႏိုင္ေအာင္ ထုတ္ေပးထားပါတယ္။

(၂၄)ေဆးလိပ္ေသာက္တတ္တဲ့သူေတြအတြက္ ေဆးလိပ္ေသာက္ခြင့္ျပဳတဲ့ေနရာသီးသန႔္ရွိသလို

ေဆးလိပ္ျပာေတြကိုလည္း စည္းကမ္းရွိရွိ စြန႔္ပစ္လို႔ရေအာင္ ေနရာတကာ သယ္သြားလို႔ ရတဲ့ ေဆးလိပ္ျပာအိတ္ေလးေတြကို ဖန္တီးထုတ္လုပ္ေပးထားတာေနာ္..

(၂၅)အေကာင္းဆုံးေသာ ဝန္ေဆာင္မႈေတြကို ဂ်ပန္ႏိုင္ငံမွာ ခံစားႏိုင္ပါတယ္။

ပုံထဲမွာဆိုရင္ ဘတ္စ္ကား ဒ႐ိုင္ဘာဟာ မိုး႐ြာေနတာေၾကာင့္ ခရီးသည္ေတြ ကားေပၚက ဆင္းဆင္းခ်င္း ေရစိုမွာစိုးရိမ္လို႔ ခုလိုမ်ိဳး တံခါးအဝမွာ ထီးမိုးေပးထားတာပါ.

(၂၆)ေရစိုေနတဲ့ထီးေတြကို အထဲယူခြင့္မျပဳတဲ့ေနရာေတြမွာ ထားခဲ့ရင္လည္း ကိုယ့္ထီးကို သူမ်ားယူသြားမွာ စိုးရိမ္ရတယ္ေလ..

ဒီျပသာနာကိုေတာ့ ထီးခ်ိတ္လို႔ရတဲ့အျပင္ ထီးကိုပါ ေသာ့ခတ္ခဲ့လို႔ရမယ့္ ဖန္တီးမႈတစ္ခုနဲ႔ ေျဖရွင္းႏိုင္ပါတယ္။

(၂၇)အလင္းထဲမွာ ၾကည့္ရင္ ပထမပုံထဲကအတိုင္း ျမင္ရမွာျဖစ္ၿပီး

အေမွာင္ထဲေရာက္ရင္ ေန႔ဘက္မွာ မျမင္ရတဲ့ အပိုင္းပါ လင္းလာၿပီး ညာဘက္ကပုံထဲကလို ျမင္ေတြ႕ရမွာပါ။

(၂၈)စမတ္ဘရာလို႔ ေခၚတဲ့ အမ်ိဳးသမီးဘရာဟာ ဝတ္ဆင္ထားသူရဲ႕ စိတ္ခံစားမႈကို သိရွိၿပီး

ထိုအမ်ိဳးသမီးတကယ္သေဘာက်လက္ခံသူမွသာ အလြယ္တကူ ခြၽတ္လို႔ရမွာပဲျဖစ္ပါတယ္။

(၂၉)အလုပ္ပင္ပန္းလို႔ ရထားေပၚမွာတင္ အိပ္ငိုက္တတ္သူေတြ

ေခါင္းေတြ ဇာတ္ေၾကာေတြ မနာရေအာင္ ဒီဦးထုပ္ေလးေဆာင္းၿပီး အိပ္ငိုက္ၾကေနာ္…

(၃၀)ဂ်ပန္ေတြ တီထြင္ထားသမွ် ဖန္တီးမႈတခ်ိဳ႕ကလည္း အေၾကာင္းျပခ်က္ေရေရရာရာမရွိဘဲ ရယ္စရာေကာင္းေနတတ္ပါတယ္။

ဒါေပမယ့္ ေသခ်ာတာကေတာ့ သူတို႔က ေခတ္ေရွ႕ေျပးတီထြင္သူေတြျဖစ္ၿပီး ဖန္တီးႏိုင္စြမ္းအျပည့္ရွိသူေတြဆိုတာပါ။

ဂ်ပန္တို႔ရဲ႕ တီထြင္ဖန္တီးမႈေတြထဲက ပရိသတ္တို႔ကို အံ့အားသင့္ေစတဲ့ ဖန္တီးမႈလက္ရာေတြရွိရင္ ျပန္ေျပာျပေပးခဲ့အုံးေနာ္..

Crd…shwenyanshin

Unicode

ဂျပန်တို့က ၃၀၂၁ ခုနှစ်ကို ကြိုရောက်နေသလားလို့တောင် ထင်မှတ်သွားစေမယ့် အရာများ…..

တိုးတက်ပြောင်းလဲမှုတွေနဲ့ ခေတ်မှီတာကြောင့် ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်က နိုင်ငံတိုင်းအတွက် စံနမူနာနိုင်ငံတစ်ခုဖြစ်တယ်လို့ ဆိုရရင်လွန်မယ်မထင်ပါဘူး။ ဂျပန်နိုင်ငံကို သွားလည်တဲ့အခါမှာ သူတို့နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေကို ကြည့်ပြီး အံ့မခန်း ဖြစ်သွားစေမှာ အမှန်ပါပဲ။

ဂျပန်နိုင်ငံ ရဲ့ ခေတ်မှီတိုးတက်ချက်က ဂျပန်လူမျိုးတွေက ၃၀၂၁ ခုနှစ်မှာ နေနေတယ်လို့တောင်ထင်ရပါတယ်။ ဒီအတွေးတွေကို မှန်ကန်တယ်လို့ ပိုပြီး သက်သေပြနိုင်တဲ့ သူတို့ရဲ့ တီထွင်ဖန်တီးမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)စပါးစိုက်ပျိုးခြင်းကိုတောင် အများသူဌာ အံအားသင့်ရလောက်အောင် စိုက်ပျိုးနိုင်ကြပါတယ်။

လယ်ကွင်းကြီးကို ကြည့်လိုက်တဲ့အခါမှာ လူပုံစံတွေအဆောက်အဦးပုံစံတွေ ပုံဖော်နိုင်ဖို့အတွက် မတူညီတဲ့ စပါးအမျိုးအစားတွေကို အစဉ်အတိုင်း စိုက်ပျိုးရတာဖြစ်ပါတယ်။

(၂)ခွေးလေးတွေကို အမွှေးညှပ်ပေးတယ်ဆိုတာက မထူးဆန်းပေမယ့် ဂျပန်နိုင်ငံမှာတော့ အရာရာ ထူးဆန်းနေတာက အလေ့အထလိုဖြစ်နေပါပြီ။

ခွေးအမွှေးကိုတောင် ထောင့်ကျအောင် ညှပ်ပေးတာက ခေတ်စားပါတယ်။

(၃)ကျည်ဆံရထားဆိုတာနဲ့ ဂျပန်နိုင်ငံမှာရှိတယ်ဆိုတာ လူတိုင်းသိကြမှာပါ။

ဒီလို ပုံရိပ်တွေကို ပိုမြှင့်တင်နိုင်ဖို့အတွက် ဖိနပ်ဒီဇိုင်းတွေကိုတောင်ကျည်ဆံရထားပုံဖော်ကြတာပဲဖြစ်ပါတယ်။

(၄)အချိန်နဲ့အမျှ လှုပ်ရှားသွားလာနေသူတွေအတွက်လည်း ဆိုင်ကြီးတွေကို တကူးတက ရှာနေစရာမလိုဘဲ လွယ်ကူသက်သာအောင် လမ်းဘေးတွေမှာ McDonald’s ဆိုင်သေးသေးလေးတွေ ဖွင့်လှစ်ထားကြပါတယ်။

(၅)သခွားမွှေးသီးကိုတောင် ဒီအတိုင်းရောင်းချရတာ ရိုးရှင်းတယ်လို့ ယူဆထားကြပုံရပါတယ်။

ဒါကြောင့် သင့်အနေနဲ့ သခွားမွှေးသီးမှာ ကိုယ်ကြိုက်တဲ့ ကာတွန်းဇာတ်ကောင်ပုံ ဖော်ထားတာမျိုးကို ရွေးချယ်ဝယ်ယူလို့ရအောင် စီစဉ်ထားပေးကြပါတယ်။

(၆)ခရီးဆောင်အိတ်ပြန်ရွေးဖို့အတွက် ထားပေးတာခြင်းအတူတူ ဒီလေဆိပ်ကတော့ အစီအစဉ်အကျဆုံးပါပဲ။

အိတ်တွေကို ပြီးစလွယ် ထည့်ပေးလိုက်တာမျိုးမဟုတ်ဘဲ လက်ကိုင်နေရာကို အပေါ်ဘက်မှာ ထားပေးထားပြီး အလွယ်တကူ ယူလိုက်လို့ရအောင်ကို စီစဉ်ပေးထားတာပါ။

(၇)စောင့်ကြည့်မယ့်သူ မရှိတဲ့ စတိုးဆိုင်လေး…

စတိုးဆိုင်မှာရှိတဲ့ ပစ္စည်းတွေကို ဝယ်ချင်ရင်တော့ ကိုယ်လိုချင်တာကို ယူလိုက်ပြီး ကျသင့်တဲ့ ငွေကြေးကိုတော့ ပုလင်းလေးထဲ ထည့်ပေးခဲ့ရမှာပဲဖြစ်ပါတယ်။

(၈)တစ်ကိုယ်တည်းခဏတာ အနားယူအိပ်စက်ဖို့အတွက် ဆိုရင်

ဂျပန်နိုင်ငံမှာ ဒီလိုအခန်းငယ်လေးတွေရှိတဲ့ ဟိုတယ်တွေလည်းရှိပါသေးတယ်။

(၉)ကမ္ဘာပေါ်မှာ အကြီးဆုံးစာရင်းဝင် ပင်လယ်ကမ်းခြေတု..

ပင်လယ်ကမ်းခြေကိုသွားလည်ချင်ပေမယ့် အချိန်မပေးနိုင်ဘူးဆိုတဲ့ သူတွေအတွက် တော့ ခဏတဖြုတ်အနားယူဖို့အတွက် အဆင်ပြေလောက်မယ်။

(၁၀)များသောအားဖြင့် သန့်စင်ခန်းတွေမှာ လက်ဆေးဖို့အတွက် လက်ဆေးကန်ကို နေရာပေးပြီး တည်ဆောက်ထားရပါတယ်။

ဂျပန်နိုင်ငံ က သန့်စင်ခန့်တစ်ချို့မှာတော့ လက်ဆေးကန် ဆီ သပ်သပ်သွားစရာမလိုတော့ဘဲ အိမ်သာနဲ့တင်တွဲပြီး ဖန်တီးပေးထားပါတယ်။

(၁၁)သန့်စင်ခန်းတစ်ခုအတွက်တောင် များပြားသောလုပ်ဆောင်ချက်တွေနဲ့ အချိန်ပေးပြီး ဖန်တီးကြတာပဲနော်…

ဒါမျိုးမှ အရာရာ တိုးတက်တယ်ခေါ်ရမလား..

(၁၂)ကလေးမေမေတွေ သန့်စင်ခန်းထဲ ဝင်တဲ့အခါမှာ ကလေးကို ခေါ်လို့မရ ထားခဲ့လည်းမရနဲ့ ဒုက္ခများလွန်းပါတယ်။

ဒီအချက်ကိုတော့ ဂျပန်တွေက အများသုံးသန့်စင်ခန်းတွေမှာ ကလေးထိုင်လို့ ရတဲ့ ခုံလေးတွေကို တပ်ဆင်ပေးထားပြီး ဖြေရှင်းပေးထားပါတယ်နော်။

(၁၃)ဂျပန်နိုင်ငံက စတိုးဆိုင်အဆောက်အဦးတွေမှာထားထားတဲ့ ဓာတ်လှေကားမှာတောင် ဝန်ဆောင်မှုပေးဖို့အတွက် ဝန်ထမ်းတွေကို ခန့်ထားကြပါတယ်။

လွယ်ကူသက်သာလိုက်တဲ့ အကြံညဏ်ပါပဲ။

(၁၄)ကြော်ညာနဲ့ ကုန်ပစ္စည်းမတူဘဲ ဂျင်းမိတာမျိုး

ဂျပန်နိုင်ငံမှာ လုံးဝကြုံတွေ့ရမှာမဟုတ်ပါဘူး။

(၁၅)ဟိုတယ်ကို လာရောက်တဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးဖို့အတွက် လူအစစ်တွေကို လုံးဝမသုံးဘဲ စက်ရုပ်တွေကို အသုံးပြုထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။

သင့်အနေနဲ့ စက်ရုပ်တွေက ဘယ်လိုဝန်ဆောင်မှုမျိုးတွေ ပေးမလဲဆိုတာ မြည်းစမ်းချင်ရင်တော့ သွားကြည့်သင့်တာပဲ။

(၁၆)၃ ဘလောက် အကွာအဝေးမှာရှိတဲ့ နေရာတစ်ခုကို သွားချင်တာနဲ့ ရဲစခန်းထဲဝင်ပြီး လမ်းပြပေးဖို့အကူအညီတောင်းခဲ့တာပါ။

ရဲအရာရှိက အဲ့ဒီနေရာကိုရောက်ဖို့အတွက် ရှင်းလင်းသေသပ်တဲ့ လမ်းညွှန်မြေပုံကို ကိုယ်တိုင်ပဲ ရေးဆွဲပေးခဲ့ပါတယ်။

(၁၇)ပိုက်ဆံထည့်လိုက်တာနဲ့ လိုချင်တဲ့ ပစ္စည်းအော်တို ထွက်ကျပေးတဲ့ စက်မျိုးတွေက ဂျပန်နိုင်ငံရဲ့ လမ်းတိုင်းမှာရှိပါတယ်။

လိုချင်တဲ့ စားသောက်ကုန်၊ကြက်ဥ၊အသီးအရွက်စတာတွေအပြင် ရောဂါ ကာကွယ်ဖို့အတွက် မက်စ်တွေတောင် လိုအပ်သလို ရနိုင်ပါတယ်။

(၁၈)စားသောက်ကုန်တွေတင် စက်ကရောင်းချတာမဟုတ်ပါဘူး။

ပိုက်ဆံထည့်လိုက်တာနဲ့ ထီးကိုလည်း ဝယ်နိုင်ပါတယ်နော်။

(၁၉)အရက်ဘူးတွေကို ရောင်းချတဲ့အခါမှာလည်း မျက်စိမမြင်တဲ့သူတွေ သိနိုင်ဖို့အတွက်

အဖုံးနေရာမှာ မျက်မမြင်စာလေးတွေပါ ထိုးပေးထားတာပါ။

(၂၀)ဂျပန်နိုင်ငံမှာ အစစအရာရာ အသစ်အဆန်းတွေ မြည်းကြည့်နိုင်ပါတယ်။

အထူးသဖြင့် ရေခဲမုန့်ကတော့ခွက်ကိုတောင် ငါးပုံစံမျိုး ဖန်တီးထားတာကို တောင်စားနိုင်ပါတယ်။

(၂၁)တကယ်လို့ ဘာကိုမဆို စမ်းသပ်စားရဲတယ်ဆိုရင် ဂျပန်နိုင်ငံမှာ အမည်းရောင် အားလူးကြော်တွေလည်းရှိပါတယ်နော်..

အမြင်အရတော့ ထူးဆန်းနေတာအမှန်ပါပဲ။

(၂၂)ကားပါကင်ရှာမရလို့ ကားရပ်စရာနေရာမရှိဘူးဆိုတဲ့ ပြသာနာတွေလည်း ဂျပန်နိုင်ငံမှာ မရှိပါဘူးနော်..

သူတို့နိုင်ငံ မှာ ဒီပြသာနာအတွက် တီထွင်ဖန်တီးမှုအသစ်တွေနဲ့ ဖြေရှင်းပြီးထားပါပြီ။

(၂၃)ဂျပန်နိုင်ငံမှာဆိုရင် ကမ္ဘာကျော် မုန့်ဖြစ်တဲ့ KitKat ကို

အရသာမျိုးစုံနဲ့ စားနိုင်အောင် ထုတ်ပေးထားပါတယ်။

(၂၄)ဆေးလိပ်သောက်တတ်တဲ့သူတွေအတွက် ဆေးလိပ်သောက်ခွင့်ပြုတဲ့နေရာသီးသန့်ရှိသလို

ဆေးလိပ်ပြာတွေကိုလည်း စည်းကမ်းရှိရှိ စွန့်ပစ်လို့ရအောင် နေရာတကာ သယ်သွားလို့ ရတဲ့ ဆေးလိပ်ပြာအိတ်လေးတွေကို ဖန်တီးထုတ်လုပ်ပေးထားတာနော်..

(၂၅)အကောင်းဆုံးသော ဝန်ဆောင်မှုတွေကို ဂျပန်နိုင်ငံမှာ ခံစားနိုင်ပါတယ်။

ပုံထဲမှာဆိုရင် ဘတ်စ်ကား ဒရိုင်ဘာဟာ မိုးရွာနေတာကြောင့် ခရီးသည်တွေ ကားပေါ်က ဆင်းဆင်းချင်း ရေစိုမှာစိုးရိမ်လို့ ခုလိုမျိုး တံခါးအဝမှာ ထီးမိုးပေးထားတာပါ.

(၂၆)ရေစိုနေတဲ့ထီးတွေကို အထဲယူခွင့်မပြုတဲ့နေရာတွေမှာ ထားခဲ့ရင်လည်း ကိုယ့်ထီးကို သူများယူသွားမှာ စိုးရိမ်ရတယ်လေ..

ဒီပြသာနာကိုတော့ ထီးချိတ်လို့ရတဲ့အပြင် ထီးကိုပါ သော့ခတ်ခဲ့လို့ရမယ့် ဖန်တီးမှုတစ်ခုနဲ့ ဖြေရှင်းနိုင်ပါတယ်။

(၂၇)အလင်းထဲမှာ ကြည့်ရင် ပထမပုံထဲကအတိုင်း မြင်ရမှာဖြစ်ပြီး

အမှောင်ထဲရောက်ရင် နေ့ဘက်မှာ မမြင်ရတဲ့ အပိုင်းပါ လင်းလာပြီး ညာဘက်ကပုံထဲကလို မြင်တွေ့ရမှာပါ။

(၂၈)စမတ်ဘရာလို့ ခေါ်တဲ့ အမျိုးသမီးဘရာဟာ ဝတ်ဆင်ထားသူရဲ့ စိတ်ခံစားမှုကို သိရှိပြီး

ထိုအမျိုးသမီးတကယ်သဘောကျလက်ခံသူမှသာ အလွယ်တကူ ချွတ်လို့ရမှာပဲဖြစ်ပါတယ်။

(၂၉)အလုပ်ပင်ပန်းလို့ ရထားပေါ်မှာတင် အိပ်ငိုက်တတ်သူတွေ

ခေါင်းတွေ ဇာတ်ကြောတွေ မနာရအောင် ဒီဦးထုပ်လေးဆောင်းပြီး အိပ်ငိုက်ကြနော်…

(၃၀)ဂျပန်တွေ တီထွင်ထားသမျှ ဖန်တီးမှုတချို့ကလည်း အကြောင်းပြချက်ရေရေရာရာမရှိဘဲ ရယ်စရာကောင်းနေတတ်ပါတယ်။

ဒါပေမယ့် သေချာတာကတော့ သူတို့က ခေတ်ရှေ့ပြေးတီထွင်သူတွေဖြစ်ပြီး ဖန်တီးနိုင်စွမ်းအပြည့်ရှိသူတွေဆိုတာပါ။

ဂျပန်တို့ရဲ့ တီထွင်ဖန်တီးမှုတွေထဲက ပရိသတ်တို့ကို အံ့အားသင့်စေတဲ့ ဖန်တီးမှုလက်ရာတွေရှိရင် ပြန်ပြောပြပေးခဲ့အုံးနော်..

Crd…shwenyanshin

Add a Comment

Your email address will not be published.