ရက်ပိုင်းအတွင်းတပိဿာ ကျပ် ၇,၀၀၀အထိမြှင့်တက်သွားကာ မိုးထိအောင်တက်နေတဲ့ကြက်သွန်နီဈေးကွက်…

ရက်ပိုင်းအတွင်းတပိဿာ ကျပ် ၇,၀၀၀အထိမြှင့်တက်သွားကာ မိုးထိအောင်တက်နေတဲ့ကြက်သွန်နီဈေးကွက်…

တစ်ပိဿာ ကျပ် ၇,၀၀၀အထိမြင့်တက်နေသည့် ကြက်သွန်နီဈေး မိုးကြက်သွန်ပေါ်မှသာ ဈေးကျနိုင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၉
အညာဒေသ အဓိကထွက်ကုန်တစ်ခုဖြစ်သည့် ကြက်သွန် နီဈေးမြင့်တက်လျက်ရှိပြီး မိုးကြက်သွန် လှိုင်လှိုင်ပေါ် မှသာ ဈေးကျမည်ဖြစ်ကြောင်း ကြက်သွန်နီဈေးကွက် အ တွင်းမှ စုံစမ်းသိရသည်။အညာဒေသတွင် စစ်မက်ဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်မှ ကျေးရွာများအားမီးရှို့ခံရခြင်း၊ ရည်ရွယ်ချက်ရှိရှိ ထိုး စစ် ဆင်တိုက်ခိုက်နေခြင်းများကြောင့် ဒေသခံများထွက် ပြေးတိမ်ရှောင်နေကြရသဖြင့် ကြက်သွန်စိုက်ဒေသတွင် စိုက် ပျိုးဧကနည်းပါးခဲ့ပြီး နွေကြက်သွန်ကုန်ချိန် မိုးကြက်သွန်လည်းမပေါ်သေးခင် ပြင်ပနိုင်ငံများကပါကြက်သွန်နီ အ ဝယ် လိုက်ချိန်ဖြစ်၍ ကြက်သွန်နီဈေး မြင့်တက်နေခြင်းဖြစ်ကြောင်း တောင်သူတစ်ဦးက ဆို သည်။

ကြက်သွန်နီဈေးသည် စက်တင်ဘာလပိုင်းမှစကာ ဈေးမြင့်တက်လာပြီး ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ လက်လီဈေး မြစ်သား တစ်ပိဿာ ကျပ် ၇,၀၀၀၊ အလုံးအရွယ်ကြီး တစ်ပိဿာ ကျပ် ၅,၀၀၀၊ အလုံးသေး တစ်ပိဿာ ကျပ် ၃,၅၀၀ ထိ အမျိုးအစားလိုက်ကာ ဈေးနှုန်းဖြစ်လျက်ရှိသည်။ကြက်သွန်စိုက်ပျိုးရာတောင်သူများထံတွင်ကြက်သွန် လက်ကားဈေး တစ်ပိဿာ ကျပ် ၃,၅၀၀ မှ ကျပ် ၄,၀၀၀ အထိရှိပြီး ယခင်ရက်များတွင်မူ ကျပ်၂,၅၀၀ မှ ကျပ် ၃,၀၀၀ ရှိပြီး ယခုရက်ပိုင်းအတွင်း ဈေးနှုန်းပြန်လည် မြင့် တက်လာခြင်းဖြစ်ကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ကြက်သွန်နီကို ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ အဝယ်လိုက်နေပြီး ပြည်ပထွက်ပေါက်ရှိနေ၍ ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ပြီး ပြည်တွင်းစားသုံးမှုအရဆိုပါက ဈေးနှုန်းမြင့်နိုင်ခြေမရှိကြောင်း ကြက်သွန်နီကုန်သည် တစ်ဦးက ဆိုသည်။‘ကြက်သွန်က အရင်ကလို စိုက်တာကလည်း မများဘူး။ အထားမခံတော့ ရောင်းရင်းရောင်းရင်းနဲ့ လက်ကျန် နည်းတယ်။ အဓိကတော့ ပြင်ပဆွဲလို့ ဈေးကောင်းတယ်။ အရင်တုန်းက မှန်းထားတာ ခါးပြတ်မယ်လို့။ နွေနဲ့မိုးအ ကူးကြားမှာ ကြက်သွန်ခါးပြတ်နိုင်တယ်လို့မှန်းထားတာ။ လက်ရှိတော့ ခါးပြတ်နိုင်တဲ့အတိုင်းအတာ မတွေ့တော့ ဘူး’ ဟု ၎င်းက ဆိုသည်။

ထို့အပြင် တရုတ်ဘက်ကနေ ကြက်သွန်နီအကြီးအမျိုးအစားနှင့် မြစ်သားကြက်သွန်နီအလုံးပုံစံ နှစ်မျိုးဝင်ရောက် နေကြောင်း အဆိုပါကုန်သည်က ဆိုသည်။
လက်ရှိ မြင်းခြံဘက်တွင် မိုးကြက်သွန်ပေါ်နေသော်လည်း ရောင်းတန်းဝင်အဆင့် အဝေးတင်ပို့နိုင်သည့် အခြေ အ နေမရှိသေးကြောင်း၊ ပခုက္ကူဘက်တွင်မူ မိုးမိထား၍ ဂိုထောင်ထဲ၌ပင်ကြက်သွန်နီများပုပ်ကုန်သည့် အခြေအနေ နှင့် လည်း ကြုံတွေ့နေရ ကြောင်း ကြက်သွန်နီကုန်သည်တစ်ဦးက ပြောကြားသည်။‘ရှေ့လာမည့်ရက်မှာတော့ ဈေးကျလာမယ်ယူဆတယ်။ လောလောဆယ်ကျမယ့် အနေအထားမရှိသေးဘူး။ အရင်စိုက်ထားတာတွေ မပေါ်သေးဘူးဆိုတော့ အသစ်ကလည်း ၁၂ လပိုင်းလကုန်လောက်မှ နယ်စုံမှာ လှိုင်လှိုင် ပေါ်လာမယ်။ အဲဒီအချိန်လောက်ကျရင် ဈေးကျလာမယ်။ ယူဆထားတယ်’ ဟု တောင်သူတစ်ဦးက ပြော သည်။မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းတို့တွင် ကြက်သွန်နီအဓိကစိုက်ပျိုးပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြက်သွန်နီ ၉၄ ရာခိုင်နှုန်းထွက်ရှိရာဒေသများဖြစ်သည်။

crd

Add a Comment

Your email address will not be published.