လက္ရွိ စူပါ ကြန္ျပဴတာေတြထက္ အဆ ၆၀,၀၀၀ေလာက္ ပိုျမန္တဲ့ Quantum Processor ကို ဖန္တီးနိုင္ခဲ့သည့္ တ႐ုတ္ သိပၸံပညာရွင္မ်ား….

သမား႐ိုးက် စူပါ ကြန္ျပဴတာေတြထက္ စြမ္းရည္ ပိုေကာင္းတဲ့ Quantum ကြန္ျပဴတာေတြကို ကမာၻအဝန္းက သိပၸံပညာရွင္ေတြက အၿပိဳင္အဆိုင္ ဖန္တီးေနၾကပါတယ္။

Quantum ကြန္ျပဴတာေတြဟာ စူပါ ကြန္ျပဴတာေတြထက္ စြမ္းရည္ ပိုျမင့္မားသလို ဖန္တီးရတာ စိန္ေခၚမႈမ်ားစြာ ရွိေနပါတယ္။

အခုေတာ့ တ႐ုတ္က သိပၸံပညာရွင္ေတြက လက္ရွိ စူပါ ကြန္ျပဴတာေတြထက္ အဆ ၆၀,၀၀၀ ပိုျမန္တဲ့ Quantum Processor ကို ဖန္တီးလိုက္ပါတယ္။

အဲဒီ သိပၸံပညာရွင္ အဖြဲ႕ကို University of Science and Technology of China က Jian-Wei Pan က ဦးေဆာင္ၿပီး အဲဒီ တကၠသိုလ္ဟာ Superconducting Processor ေတြကို ဖန္တီးေနတာ ျဖစ္ပါတယ္။

Quantum ကြန္ျပဴတာေတြမွာ ေဒတာေတြကို Process လုပ္ဖို႔ Qubits ကို အသုံးျပဳထားၿပီး Viable Quantum System ကို ဖန္တီးဖို႔ လက္ရွိထက္ Qubits ေတြကို ပိုမို အသုံးျပဳရပါတယ္။

အႀကီးမားဆုံး Quantum Processor မွာ 50 Qubits ဝန္းက်င္ကို အသုံးျပဳထားပါတယ္။ Pan ရဲ႕ Processor ကို Zuchongzhi လို႔ အမည္ေပးထားၿပီး အလုပ္လုပ္တဲ့ Qubits ၆၆ ခု တပ္ဆင္ထားပါတယ္။

အဲဒီ Quantum Processor ဟာ လက္ရွိ စြမ္းရည္ အျမင့္ဆုံး စူပါ ကြန္ျပဴတာေတြ အခ်ိန္ ၈ ႏွစ္ၾကာမွ ေျဖရွင္းႏိုင္မယ့္ ျပႆနာကို ၁.၂ နာရီအတြင္း ေျဖရွင္းႏိုင္မွာပဲျဖစ္ပါတယ္။

Crd..whatsonmyanmar

Unicode

လက်ရှိ စူပါ ကွန်ပြူတာတွေထက် အဆ ၆၀,၀၀၀လောက် ပိုမြန်တဲ့ Quantum Processor ကို ဖန်တီးနိုင်ခဲ့သည့် တရုတ် သိပ္ပံပညာရှင်များ….

သမားရိုးကျ စူပါ ကွန်ပြူတာတွေထက် စွမ်းရည် ပိုကောင်းတဲ့ Quantum ကွန်ပြူတာတွေကို ကမ္ဘာအဝန်းက သိပ္ပံပညာရှင်တွေက အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။

Quantum ကွန်ပြူတာတွေဟာ စူပါ ကွန်ပြူတာတွေထက် စွမ်းရည် ပိုမြင့်မားသလို ဖန်တီးရတာ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။

အခုတော့ တရုတ်က သိပ္ပံပညာရှင်တွေက လက်ရှိ စူပါ ကွန်ပြူတာတွေထက် အဆ ၆၀,၀၀၀ ပိုမြန်တဲ့ Quantum Processor ကို ဖန်တီးလိုက်ပါတယ်။

အဲဒီ သိပ္ပံပညာရှင် အဖွဲ့ကို University of Science and Technology of China က Jian-Wei Pan က ဦးဆောင်ပြီး အဲဒီ တက္ကသိုလ်ဟာ Superconducting Processor တွေကို ဖန်တီးနေတာ ဖြစ်ပါတယ်။

Quantum ကွန်ပြူတာတွေမှာ ဒေတာတွေကို Process လုပ်ဖို့ Qubits ကို အသုံးပြုထားပြီး Viable Quantum System ကို ဖန်တီးဖို့ လက်ရှိထက် Qubits တွေကို ပိုမို အသုံးပြုရပါတယ်။

အကြီးမားဆုံး Quantum Processor မှာ 50 Qubits ဝန်းကျင်ကို အသုံးပြုထားပါတယ်။ Pan ရဲ့ Processor ကို Zuchongzhi လို့ အမည်ပေးထားပြီး အလုပ်လုပ်တဲ့ Qubits ၆၆ ခု တပ်ဆင်ထားပါတယ်။

အဲဒီ Quantum Processor ဟာ လက်ရှိ စွမ်းရည် အမြင့်ဆုံး စူပါ ကွန်ပြူတာတွေ အချိန် ၈ နှစ်ကြာမှ ဖြေရှင်းနိုင်မယ့် ပြဿနာကို ၁.၂ နာရီအတွင်း ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။

Crd..whatsonmyanmar

Add a Comment

Your email address will not be published.