သူ႔ရဲ႕လုပ္ကြက္ေတြ ေပ်ာက္ကုန္လို႔ Elon ရဲ႕ StarLink ေတြကို ရန္ရွာေနတဲ့ တ႐ုတ္ႀကီး…

သူ႔ရဲ႕လုပ္ကြက္ေတြ ေပ်ာက္ကုန္လို႔ Elon ရဲ႕ StarLink ေတြကို ရန္ရွာေနတဲ့ တ႐ုတ္ႀကီး…

Elon ရဲ႕StarLink ေတြဟာ ဆက္သြယ္ေရးမွာ ဘယ္ေလာက္ အေထာက္အကူျဖစ္ေၾကာင္း ယူကရိန္းစစ္ပြဲမွာ ျမင္ရမွာပါ။ ႐ုရွားအေနနဲ႔ ယူကရိန္းကို အင္တာနက္ဖ်က္၊ အဆက္အသြယ္ျဖတ္ၿပီး အေမွာင္ခ်ဖို႔ လုပ္ခဲ့ေပမယ့္ Elon ရဲ႕ StarLink ေတြေၾကာင့္ အႀကံအစည္ ပ်က္သြားပါတယ္။ Hacker ေတြလည္း အလုပ္ျဖစ္ပုံမေပၚပါဘူး။

ဒါ့ေၾကာင့္ တစ္ကမာၻ႔လုံးက StarLink အသုံးဝင္ပုံကို ျမင္ခဲ့ရပါတယ္။
StarLink ေတြဟာ တစ္ကမာၻလုံးႀကိဳက္တဲ့ေနရာကေန အင္တာနက္သုံးႏိုင္ဖို႔တင္ မကပဲ Elon ရဲ႕ SpaceX က ၿဂိဳလ္တုလႊတ္တင္တဲ့ ေနရာေတြမွာလည္း အလြန္အသုံးဝင္ပါတယ္။

ၿဂိဳလ္တုေတြကို ကမာၻ႔ေပၚျပန္ဆင္းဖို႔ Thruster ေတြကို ထိန္္းေက်ာင္းဖို႔ဆိုတာ အလြန္လ်င္ျမန္္ၿပီး Range အေတာ္ေလး ေကာင္းတဲ့ ဆက္သြယ္ေရးကို လိုအပ္ပါတယ္။ ဒါ့အျပင္ Tesla အတြက္ တစ္ကမာၻလုံးက ကားေတြကို AI နဲ႔ အလုပ္လုပ္ဖို႔ဆိုရင္ တစ္ကမာၻလုံးကို အုပ္ထားႏိုင္မယ့္ ဆက္သြယ္ေရးကြန္ယက္တစ္ခုကို လိုမွာပါ။ အကုန္လုံးဟာ ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။

ေနာက္ပိုင္း Mars Mission ေတြမွာလည္း StarLink ဟာအေရးႀကီးတဲ့ ဆက္သြယ္ေရးအပိုင္းကို ဝင္လာပါလိမ့္မယ္။ခုေတာ့ တ႐ုတ္ႏိုင္ငံက သုေတသီေတြဟာ Elon ရဲ႕ StarLink ဟာ တ႐ုတ္ႏိုင္ငံေပၚမွာ ၿခိမ္းေျခာက္လာႏိုင္တာမို႔ Elon​ ရဲ႕ ၿဂိဳလ္တုေတြကို ပစ္ခ်ႏိုင္မယ့္ နည္းပညာေတြကို တီထြင္ဖို႔ ႀကိဳးစားေနၾကပါတယ္။

ၿဂိဳလ္တုပစ္ခ်ႏိုင္တဲ့ ဒုံးေတြရွိေပမယ့္ ဒုံးအေရအတြက္ အနည္းငယ္ပဲရွိတဲ့အျပင္ Elon ရဲ႕ StarLink ေတြက ေလာေလာဆယ္ အေရအတြက္ ေထာင္ခ်ီရွိ ေနၿပီး ဒုံးက်ည္စရိတ္က StarLink တစ္လုံးထက္ အဆမတန္မ်ားေနတာမို႔ တ႐ုတ္ေတြ ေခါင္းကိုက္ေနတာ ျဖစ္ပါတယ္။

Elon ရဲ႕ Satellite ေတြ တစ္ကမာၻလုံးကို အုပ္မိသြားရင္ US Defence Service နဲ႔ အဆက္အဆံရွိတဲ့ Elon အေနနဲ႔ ၿဂိဳလ္တုေတြကေန တစ္ဆင့္ေထာက္လွမ္းေရး လုပ္တာမ်ိဳးေတြ၊ ၾကားျဖတ္ နားေထာင္တာမ်ိဳးေတြ ရွိလာႏိုင္တာမို႔ တ႐ုတ္ႀကီးလည္း အေတာ္ေလး စိုးရိမ္ေနတယ္ ထင္ပါတယ္။

တ႐ုတ္မွာလည္း StarLink လိုမ်ိဳး စီမံကိန္းရွိတာ အေတာ္ၾကာပါၿပီ။ Guo Wang လို႔ အမည္ရတဲ့ တ႐ုတ္ StarNet ဟာ Elon လိုမ်ိဳး အလုံးေရးေသာင္းခ်ီၿပီး မပါဝင္ပဲ အလုံးေရေထာင္ဂဏန္းသာပါဝင္ၿပီး Elon နဲ႔အၿပိဳင္ လုပ္ဖို႔ရည္႐ြယ္ထားတာျဖစ္ေပမယ့္ ဘာမွန္း မေသခ်ာေသးပါဘူး။

StarLink ဟာ ကြန္ရက္တစ္ခုထက္ပိုၿပီး လိုအပ္ရင္ လိုအပ္သလို လမ္းေၾကာင္းလည္း ေျပာင္းႏိုင္ေသးတဲ့စြမ္းရည္ရွိတာမို႔ စစ္ေရး၊ ဆက္သြယ္ေရး အုပ္စိုးမိသြားရင္ ႐ုရွားမွာခံရသလို တ႐ုတ္ႀကီးလည္း ထိုင္ဝမ္ကို တစ္ခုခုလုပ္ျဖစ္ရင္ ခံရမွာကို ေၾကာက္ပုံရပါတယ္။
ဒါေၾကာင့္ ကုန္က်မႈ႕နည္းဆုံးနဲ႔ StarLink ကို ယွဥ္ျဖဳတ္လို႔ရမယ့္ နည္းစနစ္တစ္ခုကို အပူတစ္ျပင္း ရွာေဖြေနပါတယ္။
Crd…Thakhin Thakhin
Unicode
သူ့ရဲ့လုပ်ကွက်တွေ ပျောက်ကုန်လို့ Elon ရဲ့ StarLink တွေကို ရန်ရှာနေတဲ့ တရုတ်ကြီး…

Elon ရဲ့StarLink တွေဟာ ဆက်သွယ်ရေးမှာ ဘယ်လောက် အထောက်အကူဖြစ်ကြောင်း ယူကရိန်းစစ်ပွဲမှာ မြင်ရမှာပါ။ ရုရှားအနေနဲ့ ယူကရိန်းကို အင်တာနက်ဖျက်၊ အဆက်အသွယ်ဖြတ်ပြီး အမှောင်ချဖို့ လုပ်ခဲ့ပေမယ့် Elon ရဲ့ StarLink တွေကြောင့် အကြံအစည် ပျက်သွားပါတယ်။ Hacker တွေလည်း အလုပ်ဖြစ်ပုံမပေါ်ပါဘူး။

ဒါ့ကြောင့် တစ်ကမ္ဘာ့လုံးက StarLink အသုံးဝင်ပုံကို မြင်ခဲ့ရပါတယ်။
StarLink တွေဟာ တစ်ကမ္ဘာလုံးကြိုက်တဲ့နေရာကနေ အင်တာနက်သုံးနိုင်ဖို့တင် မကပဲ Elon ရဲ့ SpaceX က ဂြိုလ်တုလွှတ်တင်တဲ့ နေရာတွေမှာလည်း အလွန်အသုံးဝင်ပါတယ်။

ဂြိုလ်တုတွေကို ကမ္ဘာ့ပေါ်ပြန်ဆင်းဖို့ Thruster တွေကို ထိန်းကျောင်းဖို့ဆိုတာ အလွန်လျင်မြန်ပြီး Range အတော်လေး ကောင်းတဲ့ ဆက်သွယ်ရေးကို လိုအပ်ပါတယ်။ ဒါ့အပြင် Tesla အတွက် တစ်ကမ္ဘာလုံးက ကားတွေကို AI နဲ့ အလုပ်လုပ်ဖို့ဆိုရင် တစ်ကမ္ဘာလုံးကို အုပ်ထားနိုင်မယ့် ဆက်သွယ်ရေးကွန်ယက်တစ်ခုကို လိုမှာပါ။ အကုန်လုံးဟာ ချိတ်ဆက်နေတာဖြစ်ပါတယ်။

နောက်ပိုင်း Mars Mission တွေမှာလည်း StarLink ဟာအရေးကြီးတဲ့ ဆက်သွယ်ရေးအပိုင်းကို ဝင်လာပါလိမ့်မယ်။ခုတော့ တရုတ်နိုင်ငံက သုတေသီတွေဟာ Elon ရဲ့ StarLink ဟာ တရုတ်နိုင်ငံပေါ်မှာ ခြိမ်းခြောက်လာနိုင်တာမို့ Elon ရဲ့ ဂြိုလ်တုတွေကို ပစ်ချနိုင်မယ့် နည်းပညာတွေကို တီထွင်ဖို့ ကြိုးစားနေကြပါတယ်။

ဂြိုလ်တုပစ်ချနိုင်တဲ့ ဒုံးတွေရှိပေမယ့် ဒုံးအရေအတွက် အနည်းငယ်ပဲရှိတဲ့အပြင် Elon ရဲ့ StarLink တွေက လောလောဆယ် အရေအတွက် ထောင်ချီရှိ နေပြီး ဒုံးကျည်စရိတ်က StarLink တစ်လုံးထက် အဆမတန်များနေတာမို့ တရုတ်တွေ ခေါင်းကိုက်နေတာ ဖြစ်ပါတယ်။

Elon ရဲ့ Satellite တွေ တစ်ကမ္ဘာလုံးကို အုပ်မိသွားရင် US Defence Service နဲ့ အဆက်အဆံရှိတဲ့ Elon အနေနဲ့ ဂြိုလ်တုတွေကနေ တစ်ဆင့်ထောက်လှမ်းရေး လုပ်တာမျိုးတွေ၊ ကြားဖြတ် နားထောင်တာမျိုးတွေ ရှိလာနိုင်တာမို့ တရုတ်ကြီးလည်း အတော်လေး စိုးရိမ်နေတယ် ထင်ပါတယ်။

တရုတ်မှာလည်း StarLink လိုမျိုး စီမံကိန်းရှိတာ အတော်ကြာပါပြီ။ Guo Wang လို့ အမည်ရတဲ့ တရုတ် StarNet ဟာ Elon လိုမျိုး အလုံးရေးသောင်းချီပြီး မပါဝင်ပဲ အလုံးရေထောင်ဂဏန်းသာပါဝင်ပြီး Elon နဲ့အပြိုင် လုပ်ဖို့ရည်ရွယ်ထားတာဖြစ်ပေမယ့် ဘာမှန်း မသေချာသေးပါဘူး။

StarLink ဟာ ကွန်ရက်တစ်ခုထက်ပိုပြီး လိုအပ်ရင် လိုအပ်သလို လမ်းကြောင်းလည်း ပြောင်းနိုင်သေးတဲ့စွမ်းရည်ရှိတာမို့ စစ်ရေး၊ ဆက်သွယ်ရေး အုပ်စိုးမိသွားရင် ရုရှားမှာခံရသလို တရုတ်ကြီးလည်း ထိုင်ဝမ်ကို တစ်ခုခုလုပ်ဖြစ်ရင် ခံရမှာကို ကြောက်ပုံရပါတယ်။
ဒါကြောင့် ကုန်ကျမှု့နည်းဆုံးနဲ့ StarLink ကို ယှဉ်ဖြုတ်လို့ရမယ့် နည်းစနစ်တစ်ခုကို အပူတစ်ပြင်း ရှာဖွေနေပါတယ်။
Crd…Thakhin Thakhin

Add a Comment

Your email address will not be published.