အိမ်ထောင်ဖက် သရုပ်ဆောင်ဝေဠုကျော်အပေါ် ဆိုးချင်တိုင်းဆိုးလို့ရတဲ့အပြင် အလိုလိုက်ခံနေရတဲ့အကြောင်းကိုအင်တာဗျူးတွေကတဆင့်ဖြေကြား လိုက်တဲ့ အငြိမ့်မင်းသမီးလေးရေကြည်ချမ်းမြ..

အသက်၂၀ကွာတဲ့ အိမ်ထောင်ရေးတစ်ခုကိုထူထောင်ထားတဲ့ အငြိမ့်မင်းသမီးရေကြည်ချမ်းမြကတော့ သူမရဲ့အိမ်ထောင်ဖက် သရုပ်ဆောင်ဝေဠုကျော်အပေါ် ဆိုးချင်တိုင်းဆိုးလို့ရတဲ့အပြင် အလိုလိုက်ခံနေရတဲ့အကြောင်းကိုအင်တာဗျူးတွေကတဆင့်ဖြေကြားခဲ့ပါတယ်။

ပရဟိတမင်းသားဝေဠုကျော်ရဲ့ဇနီးချောလေး အငြိမ့်မင်းသမီးရေကြည်ချမ်းမြကတော့သူမနဲ့သရုပ်ဆောင်ဝေဠုကျော်တို့ဟာ အသက်၂၀လောက်ကွာဟတာကြောင့်ဆိုးချင်တိုင်းဆိုးလို့ရတဲ့အကြောင်းကို “နောက်လ ၂လပိုင်း၂၂ရက်ဆိုရင် အိမ်ထောင်ကျတာ ၁နှစ်ပြည့်ပြီ။

ဆိုးတာကတော့ ကိူယ်ကတစ်ခါခါ ချစ်ကကို့ကို ဆိုးမှာနော်ဆိုရင် ဆိုးဆိုးကြိုက်သလောက်ဆိုးကိစ္စမရှိဘူး။ သူကအဲ့လိုပြောတယ်။ အသက်ကွာတဲ့အတွက်ဒါကတော့ထုံးစံပဲပေါ့နော်။ အစ်ကိုနဲ့ညီမကနားလည်မှုရှိရှိနဲ့အိမ်ဌာင်တစ်ခုကိုထူထောင်ထားတယ်။

ယုံကြည်မှုတစ်ခုကိုလည်းတည်ဆောက်ထားတယ်။ ကြိုက်တာလုပ်ဘာမှမဖြစ်ဘူး။ ဘာမှမပြောဘူး။ ကိုယ်ကလည်းမဟုတ်တာဘာမှမလုပ်ဘူးပေါ့”ဆိုပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့သူမတို့အိမ်ထောင်ရေးအကြောင်းကိုပြောပြလာပါတယ်။

အသက်၂၀လောက်ကွာပေမယ့်လည်းသူမရဲ့အမျိုးသားသရုပ်ဆောင်ဝေဠုကျော်ကတော့ ပရိဟိတအလုပ်တွေကိုစိတ်ရောကိုယ်ပါနှစ်ပြီးအားစိုက်လုပ်နိုင်တဲ့အကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်။

” ခရီးသွားရင်လည်းအစ်မကလိုက်တယ်။ အမြဲတမ်းလိုက်ဖြစ်တယ်။ သူကလည်းအမြဲတမ်းခေါ်သွားတယ်။ မထားခဲ့ဘူး။ ပရဟိတနဲ့ပတ်သက်ပြီးတော့ ကိုယ်ကလည်းဝါသနာပါတဲ့အခါကြတော့ သူဒါလုပ်နေတာကိုယ်သိနေတာဆိုတော့ ဒီပရဟိတအလုပ်ကိုလိုက်လုပ်ပေးရမှာပဲလေ။

ကိုယ်ဝါသနာမပါခဲ့ရင်တောင်လိုက်လုပ်ပေးရမှာပဲလေ။ ကိုယ်ကလည်းဝါသနာပါနေတာဆိုတော့ ပိုပြီးတော့အဆင်ပြေသွားတာပေါ့။ကိုယ့်ထက်သွက်လက်တယ်။

ကိုယ်ကမှ လေးနေသေးတယ်။ သူက Strong ဖြစ်တယ်။ အလုပ်ကိုသူ့အကျိုးထက်သူများအကျိုးကိုပိုလုပ်တယ်။ အခုလမ်းမှာသွားနေရင်းနဲ့ တယောက်ယောက်ကတစ်ခုခုဖြစ်နေတယ်ဆိရင်Accidentဖြစ်တာမျိူးဆို အရေးပေါ်ကားခေါ် သူကိုယ်တိုင်ဝင်ကူဝင်လုပ်တာမျိုးပေါ့။

သူ့ဆီကသင်ယူရတာတော့အများကြီးပါပဲ။ သူက ကိူယ့်ထက်လည်းပိုပြီးတော့တော်တယ်လေ။ အကုန်လုံးလည်းသင်ပေးတယ်။ ကိုယ်ကငယ်တော့သူ့လောက်မသိတာတွေလည်းအများကြီးပဲဆိုတော့ သင်ပေးတယ်။ ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ်ဆိုတာမျိူးတွေသင်ပေးတယ်”ဆိုပြီးပြောပြလာပါတယ်။

သူမနဲ့သရုပ်ဆောင်ဝေဠုကျော်တို့နှစ်ဦးကတော့ မြင်မြင်ချင်းအချစ်တော့မဟုတ်ပေမယ့်လည်း သံယောဇဉ်ကနေတည်ဆောက်ပြီး ပိုပြီးအချစ်တွေတိုးလာခဲ့တာပါလို့လည်းပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ဝေဠုကျော်တို့ဇနီးမောင်နှံနှစ်ဦးကတော့ ၂၀၂၃ခု နှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ မဂ်လာသက်တမ်း(၁နှစ်)ပြည့်မှာဖြစ်ပါတယ်။

ရေကြည်ချမ်းမြကတော့ ပြည်သူချစ်အငြိမ့်မင်းသမီးချောလေးတစ်ဦးဖြစ်ပြီး အခုဆိုရင်သူမရဲ့အမျိုးသားဖြစ်သူ သရုပ်ဆောင်ဝေဠုကျော်နဲ့အတူ ပရဟိတအလုပ်တွေကိုအတူတကွ လုပ်ကိုင်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

Crd

zawgyi

အသက္၂၀ကြာတဲ့ အိမ္ေထာင္ေရးတစ္ခုကိုထူေထာင္ထားတဲ့ အၿငိမ့္မင္းသမီးေရၾကည္ခ်မ္းျမကေတာ့ သူမရဲ႕အိမ္ေထာင္ဖက္ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္အေပၚ ဆိုးခ်င္တိုင္းဆိုးလို႔ရတဲ့အျပင္ အလိုလိုက္ခံေနရတဲ့အေၾကာင္းကိုအင္တာဗ်ဴးေတြကတဆင့္ေျဖၾကားခဲ့ပါတယ္။

ပရဟိတမင္းသားေဝဠဳေက်ာ္ရဲ႕ဇနီးေခ်ာေလး အၿငိမ့္မင္းသမီးေရၾကည္ခ်မ္းျမကေတာ့သူမနဲ႔သ႐ုပ္ေဆာင္ေဝဠဳေက်ာ္တို႔ဟာ အသက္၂၀ေလာက္ကြာဟတာေၾကာင့္ဆိုးခ်င္တိုင္းဆိုးလို႔ရတဲ့အေၾကာင္းကို “ေနာက္လ ၂လပိုင္း၂၂ရက္ဆိုရင္ အိမ္ေထာင္က်တာ ၁ႏွစ္ျပည့္ၿပီ။

ဆိုးတာကေတာ့ ကိူယ္ကတစ္ခါခါ ခ်စ္ကကို႔ကို ဆိုးမွာေနာ္ဆိုရင္ ဆိုးဆိုးႀကိဳက္သေလာက္ဆိုးကိစၥမရွိဘူး။ သူကအဲ့လိုေျပာတယ္။ အသက္ကြာတဲ့အတြက္ဒါကေတာ့ထုံးစံပဲေပါ့ေနာ္။ အစ္ကိုနဲ႔ညီမကနားလည္မႈရွိရွိနဲ႔အိမ္ဌာင္တစ္ခုကိုထူေထာင္ထားတယ္။

ယုံၾကည္မႈတစ္ခုကိုလည္းတည္ေဆာက္ထားတယ္။ ႀကိဳက္တာလုပ္ဘာမွမျဖစ္ဘူး။ ဘာမွမေျပာဘူး။ ကိုယ္ကလည္းမဟုတ္တာဘာမွမလုပ္ဘူးေပါ့”ဆိုၿပီး ေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့သူမတို႔အိမ္ေထာင္ေရးအေၾကာင္းကိုေျပာျပလာပါတယ္။

အသက္၂၀ေလာက္ကြာေပမယ့္လည္းသူမရဲ႕အမ်ိဳးသားသ႐ုပ္ေဆာင္ေဝဠဳေက်ာ္ကေတာ့ ပရိဟိတအလုပ္ေတြကိုစိတ္ေရာကိုယ္ပါႏွစ္ၿပီးအားစိုက္လုပ္ႏိုင္တဲ့အေၾကာင္းကိုလည္း ေျပာျပလာခဲ့ပါတယ္။

” ခရီးသြားရင္လည္းအစ္မကလိုက္တယ္။ အၿမဲတမ္းလိုက္ျဖစ္တယ္။ သူကလည္းအၿမဲတမ္းေခၚသြားတယ္။ မထားခဲ့ဘူး။ ပရဟိတနဲ႔ပတ္သက္ၿပီးေတာ့ ကိုယ္ကလည္းဝါသနာပါတဲ့အခါၾကေတာ့ သူဒါလုပ္ေနတာကိုယ္သိေနတာဆိုေတာ့ ဒီပရဟိတအလုပ္ကိုလိုက္လုပ္ေပးရမွာပဲေလ။

ကိုယ္ဝါသနာမပါခဲ့ရင္ေတာင္လိုက္လုပ္ေပးရမွာပဲေလ။ ကိုယ္ကလည္းဝါသနာပါေနတာဆိုေတာ့ ပိုၿပီးေတာ့အဆင္ေျပသြားတာေပါ့။ကိုယ့္ထက္သြက္လက္တယ္။

ကိုယ္ကမွ ေလးေနေသးတယ္။ သူက Strong ျဖစ္တယ္။ အလုပ္ကိုသူ႔အက်ိဳးထက္သူမ်ားအက်ိဳးကိုပိုလုပ္တယ္။ အခုလမ္းမွာသြားေနရင္းနဲ႔ တေယာက္ေယာက္ကတစ္ခုခုျဖစ္ေနတယ္ဆိရင္Accidentျဖစ္တာမ်ိဴးဆို အေရးေပၚကားေခၚ သူကိုယ္တိုင္ဝင္ကူဝင္လုပ္တာမ်ိဳးေပါ့။

သူ႔ဆီကသင္ယူရတာေတာ့အမ်ားႀကီးပါပဲ။ သူက ကိူယ့္ထက္လည္းပိုၿပီးေတာ့ေတာ္တယ္ေလ။ အကုန္လုံးလည္းသင္ေပးတယ္။ ကိုယ္ကငယ္ေတာ့သူ႔ေလာက္မသိတာေတြလည္းအမ်ားႀကီးပဲဆိုေတာ့ သင္ေပးတယ္။ ဘယ္လိုေနရမယ္ ဘယ္လိုထိုင္ရမယ္ဆိုတာမ်ိဴးေတြသင္ေပးတယ္”ဆိုၿပီးေျပာျပလာပါတယ္။

သူမနဲ႔သ႐ုပ္ေဆာင္ေဝဠဳေက်ာ္တို႔ႏွစ္ဦးကေတာ့ ျမင္ျမင္ခ်င္းအခ်စ္ေတာ့မဟုတ္ေပမယ့္လည္း သံေယာဇဥ္ကေနတည္ေဆာက္ၿပီး ပိုၿပီးအခ်စ္ေတြတိုးလာခဲ့တာပါလို႔လည္းေျပာျပခဲ့ပါတယ္။

သ႐ုပ္ေဆာင္ေဝဠဳေက်ာ္တို႔ဇနီးေမာင္ႏွံႏွစ္ဦးကေတာ့ ၂၀၂၃ခု ႏွစ္ ေဖေဖာ္ဝါရီလ ၂၂ရက္ေန႔မွာ မဂ္လာသက္တမ္း(၁ႏွစ္)ျပည့္မွာျဖစ္ပါတယ္။

ေရၾကည္ခ်မ္းျမကေတာ့ ျပည္သူခ်စ္အၿငိမ့္မင္းသမီးေခ်ာေလးတစ္ဦးျဖစ္ၿပီး အခုဆိုရင္သူမရဲ႕အမ်ိဳးသားျဖစ္သူ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္နဲ႔အတူ ပရဟိတအလုပ္ေတြကိုအတူတကြ လုပ္ကိုင္ျဖစ္ေနတာကိုလည္းေတြ႕ရပါတယ္။

ေဝဠဳေက်ာ္ဟာ ပရိသတ္ေတြ ေလးစားအားက်ရတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ဟာ ၂၀၀၉ခုႏွစ္ကစၿပီး လူမႈ အက်ိဳးျပဳအလုပ္ေတြကို လုပ္ကိုင္ဖို႔ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို စၿပီး တည္ေထာင္ျဖစ္ခဲ့တာပါ။ ေဝဠဳေက်ာ္က အႏုပညာအလုပ္ေတြ သာမက ပရဟိတအလုပ္ေတြကိုပါ အားတတ္သေရာ ပါဝင္လႈပ္ရွားေနသူ တစ္ဦး ျဖစ္ပါတယ္။

Crd

Add a Comment

Your email address will not be published.