ျပည္တြင္းကား ေဈးကြက္တြင္ အျမင့္ကားမ်ား က်ပ္သိန္းရာဂဏန္းအထိ ေဈးက်၊ အနိမ့္ကားမ်ား ေစ်းေလ်ာ့ေရာင္းေနရ..

ျပည္တြင္းကား ေဈးကြက္တြင္ အျမင့္ကားမ်ား က်ပ္သိန္းရာဂဏန္းအထိ ေဈးက်၊ အနိမ့္ကားမ်ား ေစ်းေလ်ာ့ေရာင္းေနရ..

ျပည္တြင္းကားေရာင္းဝယ္ေရး ေဈးကြက္အတြင္း က်ပ္သိန္းတစ္ေထာင္အထက္အျမင့္ကားမ်ား
အေရာင္းအဝယ္ေအးၿပီး က်ပ္သိန္းရာဂဏန္းအထိ
ေဈးႏႈန္းက်ဆင္းလ်က္ရွိတယ္လို႔ ကားေဈးကြက္မွ သိရပါတယ္။

ပြဲေတာ္ရက္ကာလျဖစ္ေနျခင္းနဲ႔ ကားေဈးကြက္အတြင္း လွ်ပ္စစ္ကားမ်ားက်ပ္သိန္း ၈၀၀၊ ၁၀၀၀ ဝန္းက်င္ေဈးနဲ႔
ေရာက္လာႏိုင္ျခင္းတို႔ေၾကာင့္ အျမင့္ကားမ်ားအေရာင္းအဝယ္ သိသိသာသာ ေအးသြားပါတယ္။

ယခင္က်ပ္ သိန္း ၁၅၀၀ ေဈးေခၚေရာင္းေနတဲ့အျမင့္ကားေတြက က်ပ္သိန္းရာဂဏန္းအထိ
ေဈးက်ဆင္းၿပီး က်ပ္သိန္း ၁၃၀၀ နဲ႔ အေရာင္းအဝယ္လုပ္လာၾကတယ္လို႔
ကားေရာင္းဝယ္ေရးလုပ္ငန္းလုပ္ကိုင္သူ ဦးခ်စ္တိုးက ေျပာပါတယ္။

အေပၚကားေတြအျပင္ က်ပ္သိန္း ၅၀၀ ေအာက္ကားေတြလည္း ေဈးႏႈန္းက်ဆင္းလ်က္ရွိၿပီး
အေရာင္းအဝယ္လုပ္တဲ့အခ်ိန္မွာ အနိမ့္ဆုံးက်ပ္သိန္း ၃၀ မွ အျမင့္ဆုံးက်ပ္သိန္း ၅၀ အထိ
ေဈးေလွ်ာ့ခ်ၿပီး ေရာင္းၾကရတယ္လို႔ဆိုပါတယ္။

စက္တင္ဘာ၊ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာေလး လထဲကို ေရာက္ေနတာေၾကာင့္ ကားေဈး ကြက္အေရာင္းအဝယ္ေအးႏိုင္ၿပီး
ကားမူဝါဒအေျပာင္းအလဲျဖစ္မွသာ ေဈးကြက္ျပန္လႈပ္ႏိုင္တယ္လို႔ ခန့္မွန္းေျပာဆိုေနၾကပါတယ္။

Crd…MYANMAR GLOBE

Unicode

ပြည်တွင်းကား ဈေးကွက်တွင် အမြင့်ကားများ ကျပ်သိန်းရာဂဏန်းအထိ ဈေးကျ၊ အနိမ့်ကားများ ဈေးလျော့ရောင်းနေရ..

ပြည်တွင်းကားရောင်းဝယ်ရေး ဈေးကွက်အတွင်း ကျပ်သိန်းတစ်ထောင်အထက်အမြင့်ကားများ
အရောင်းအဝယ်အေးပြီး ကျပ်သိန်းရာဂဏန်းအထိ
ဈေးနှုန်းကျဆင်းလျက်ရှိတယ်လို့ ကားဈေးကွက်မှ သိရပါတယ်။

ပွဲတော်ရက်ကာလဖြစ်နေခြင်းနဲ့ ကားဈေးကွက်အတွင်း လျှပ်စစ်ကားများကျပ်သိန်း ၈၀၀၊ ၁၀၀၀ ဝန်းကျင်ဈေးနဲ့
ရောက်လာနိုင်ခြင်းတို့ကြောင့် အမြင့်ကားများအရောင်းအဝယ် သိသိသာသာ အေးသွားပါတယ်။

ယခင်ကျပ် သိန်း ၁၅၀၀ ဈေးခေါ်ရောင်းနေတဲ့အမြင့်ကားတွေက ကျပ်သိန်းရာဂဏန်းအထိ
ဈေးကျဆင်းပြီး ကျပ်သိန်း ၁၃၀၀ နဲ့ အရောင်းအဝယ်လုပ်လာကြတယ်လို့
ကားရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးချစ်တိုးက ပြောပါတယ်။

အပေါ်ကားတွေအပြင် ကျပ်သိန်း ၅၀၀ အောက်ကားတွေလည်း ဈေးနှုန်းကျဆင်းလျက်ရှိပြီး
အရောင်းအဝယ်လုပ်တဲ့အချိန်မှာ အနိမ့်ဆုံးကျပ်သိန်း ၃၀ မှ အမြင့်ဆုံးကျပ်သိန်း ၅၀ အထိ
ဈေးလျှော့ချပြီး ရောင်းကြရတယ်လို့ဆိုပါတယ်။

စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလေး လထဲကို ရောက်နေတာကြောင့် ကားဈေး ကွက်အရောင်းအဝယ်အေးနိုင်ပြီး
ကားမူဝါဒအပြောင်းအလဲဖြစ်မှသာ ဈေးကွက်ပြန်လှုပ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

Crd…MYANMAR GLOBE

Add a Comment

Your email address will not be published.