႐ုရွားနယ္စပ္မွာ NATO ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံက တပ္ဖြဲ႕၀င္အင္အား ၁ ေသာင္းခြဲနဲ႔ စစ္ေရးေလ့က်င့္မႈစတင္..???

႐ုရွားနယ္စပ္မွာ NATO ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံက တပ္ဖြဲ႕၀င္အင္အား ၁ ေသာင္းခြဲနဲ႔ စစ္ေရးေလ့က်င့္မႈစတင္..???

႐ုရွား အက္စတိုးနီးယားနယ္စပ္မွာ ဒီကေန႔ က စတင္ၿပီး စစ္ေရးေလ့က်င့္မႈ စတင္ေနေၾကာင္း NATO အဖြဲ႕က ေၾကညာပါတယ္။ ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံက တပ္ဖြဲ႕၀င္အင္အား ၁ ေသာင္းခြဲနဲ႔ စစ္ေရးေလ့က်င့္တာျဖစ္ၿပီး NATO အဖြဲ႕၀င္ျဖစ္ဖို႔ ေလွ်ာက္ထားဖို႔ျပင္ေနတဲ့ ဖင္လန္ ဆြီဒင္နဲ႔ ယူကရိန္းႏိုင္ငံက တပ္ဖြဲ႕ေတြပါ ပါ၀င္ေၾကာင္း NATO ေျပာခြင့္ရ Oana Lungescu ကေျပာပါတယ္။

ျဖဴေကာင္စစ္ဆင္ေရးလို႔ အမည္ေပးထားတဲ့ ႐ုရွားနယ္စပ္က စစ္ေရးေလ့က်င့္မႈမွာ ယူကရိန္းႏိုင္ငံကတပ္ေတြပါ ပါ၀င္ေလ့က်င့္ေနတာဟာ NATO ရဲ႕ စံခ်ိန္စံၫႊန္းေတြကို မ်က္ဝါးထင္ထင္ျမင္ေတြ႕ဖို႔နဲ႔ အနာဂါတ္ ယူကရိန္းတပ္မေတာ္အတြက္ ပိုမိုအင္အားေတာင့္တင္းေစဖို႔ရည္႐ြယ္တယ္ဆိုပါတယ္။ တခ်ိန္ထဲမွာ ပိုလန္နဲ႔ မက္ဆီဒိုးနီးယားမွာလည္း NATO အဖြဲ႕စစ္ေရးေလ့က်င့္မႈေတြ တၿပိဳင္ထဲလုပ္ေနတယ္ဆိုပါတယ္။

ၿခိမ္းေျခာက္ရန္လိုမႈမွန္သမွ်ကို ေနရာမ်ိဴးစုံကေန အခ်ိန္တိုတြင္း တၿပိဳင္ထဲ တုန္႔ျပန္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနတာလို႔လည္း NATO ေျပာခြင့္ရ Oana Lungescu က ေျပာပါတယ္။ ႐ုရွားနယ္စပ္မွာ အခုလို စစ္ေရးေလ့က်င့္တာကို ႐ုရွားႏိုင္ငံကို အရင္ကလို ႀကိဳတင္ အသိေပးတာမ်ိဴးမရွိဘူးလို႔လည္း NATO ေျပာခြင့္ရသူကေျပာပါတယ္။
Crd..NATO #estonia #DNW

👇Unicode👉
ရုရှားနယ်စပ်မှာ NATO နိုင်ငံပေါင်း ၁၄ နိုင်ငံက တပ်ဖွဲ့ဝင်အင်အား ၁ သောင်းခွဲနဲ့ စစ်ရေးလေ့ကျင့်မှုစတင်..???

ရုရှား အက်စတိုးနီးယားနယ်စပ်မှာ ဒီကနေ့ က စတင်ပြီး စစ်ရေးလေ့ကျင့်မှု စတင်နေကြောင်း NATO အဖွဲ့က ကြေညာပါတယ်။ နိုင်ငံပေါင်း ၁၄ နိုင်ငံက တပ်ဖွဲ့ဝင်အင်အား ၁ သောင်းခွဲနဲ့ စစ်ရေးလေ့ကျင့်တာဖြစ်ပြီး NATO အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားဖို့ပြင်နေတဲ့ ဖင်လန် ဆွီဒင်နဲ့ ယူကရိန်းနိုင်ငံက တပ်ဖွဲ့တွေပါ ပါဝင်ကြောင်း NATO ပြောခွင့်ရ Oana Lungescu ကပြောပါတယ်။

ဖြူကောင်စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ရုရှားနယ်စပ်က စစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်းနိုင်ငံကတပ်တွေပါ ပါဝင်လေ့ကျင့်နေတာဟာ NATO ရဲ့ စံချိန်စံညွှန်းတွေကို မျက်ဝါးထင်ထင်မြင်တွေ့ဖို့နဲ့ အနာဂါတ် ယူကရိန်းတပ်မတော်အတွက် ပိုမိုအင်အားတောင့်တင်းစေဖို့ရည်ရွယ်တယ်ဆိုပါတယ်။ တချိန်ထဲမှာ ပိုလန်နဲ့ မက်ဆီဒိုးနီးယားမှာလည်း NATO အဖွဲ့စစ်ရေးလေ့ကျင့်မှုတွေ တပြိုင်ထဲလုပ်နေတယ်ဆိုပါတယ်။

ခြိမ်းခြောက်ရန်လိုမှုမှန်သမျှကို နေရာမျိူးစုံကနေ အချိန်တိုတွင်း တပြိုင်ထဲ တုန့်ပြန်နိုင်ဖို့အတွက် ပြင်ဆင်နေတာလို့လည်း NATO ပြောခွင့်ရ Oana Lungescu က ပြောပါတယ်။ ရုရှားနယ်စပ်မှာ အခုလို စစ်ရေးလေ့ကျင့်တာကို ရုရှားနိုင်ငံကို အရင်ကလို ကြိုတင် အသိပေးတာမျိူးမရှိဘူးလို့လည်း NATO ပြောခွင့်ရသူကပြောပါတယ်။
Crd..NATO #estonia #DNW

Add a Comment

Your email address will not be published.